ကဗျာ

ကဗျာ

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေး ကဗျာ
ငါ့အား.......
ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ ၊
ယင်းမှောင်မိုက် အတွင်းမှနေပြီး အနိုင်မခံ ၊
အရှုံးမပေးလိုသော ငါ့စိတ်ကို
ဖန်ဆင်းပေးသူ နတ် ၊ သိကြားတို.အား
ငါသည် ကျေးဇူးစကားဆိုပါ၏။


လောကဓံတရား၏ လက်ခုပ်တွင်းသို.
ဘယ်လိုပင်ကျရောက်စေကာမူ
ငါကား မတုန်လှုပ် ၊ မငိုကြွေး
ကံတရား၏ ၊ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည်
သွေးသံတို.ဖြင့် ရဲရဲနီနေ၏
သို.သော် ညွှတ်ကား ၊ မညွှတ် ။


လောဘ ၊ ဒေါသ တို.၏
ကြီးစိုးရာ ဌာန၏  အခြားမဲ့ကား
သေခြင်းတရားသည်
ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏ ။
သို.ပင်မူ  ငါ့အား
မတုန်မလှုပ်သည်ကိုသာ တွေ.ရအံ့
နောင်ကိုလည်း ဘယ်တော့မှ
မကြောက်သည်ကို တွေ.ရပေအံ့ ။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေး ကဗျာ
သုဂတိသွားရာ ....
တံခါးဝသည် မည်မျှပင်
ကျဉ်းမြောင်းသည်ဖြစ်စေ


ယမမင်း၏.....
ခွေးရေပရပိုက်တွင်
ငါ၏အပြစ်ကို မည်မျှပင်
ရေးမှတ်ထားသည်ဖြစ်စေ


ငါကား ဂရုမပြု
ငါသာလျှင် ကံ၏အရှင်သခင်ဖြစ်ပြီး
ငါသာလျှင် စိတ်၏ ၊ အကြီးအကဲ
ဖြစ်တော့သည်။
မိုးဆမ်း ဇလပ်ပန်း (တက္ကသိုလ်မြတ်မင်း)

မိုးတွေ
ကြွေဆဲနံနက်
အိပ်မက်ကလန့်ကာ
နိုးထလာတဲ့လူ။

အတွေးကဆူ

ရင်ကပူနဲ့
သန့်ကြည်မဲ့စိတ်
အိပ်ချင်မူးရီ
အီတီဝေး၀ါး
မကြည်စိတ်များနဲ့။

(၀န်းကျင်ကလည်း)

မိုးစက်ရေကြား
တိတ်ဆိတ်ငှက်သံ
လေမထန်နေမပွင့်
ဆိုင်းအုံ့ရစ်မှိုင်း
ရှစ်ခွင်တိုင်းလုံး
ပိန်းပိန့်ဖုံးလို့။

(သည်လို)

မှိုင်းတဲ့စိတ်
ဆိုင်းတဲ့ရာသီ
မကြည်နှလုံး
သည်တစ်မနက်လုံးမှာ
(ကျနော့်ကို)
ငြိမ်းအေးစေတာက
ဇလပ်ပွင့်ပမာ သူ့မျက်နှာ။
ဓါတ်ပုံလေး (တာရာမင်းဝေ)

မိုးလုံလေလုံ
နှလုံးအိမ်ထဲက ဓာတ်ပုံလေး
ထုတ်.. ထုတ်ကြည့်ဖြစ်တယ် သတိရတိုင်း
သတိရတိုင်း ရွှဲနစ်
ပါးပြင်ပေါ် မျက်ရည်တွေ
ငါက ဓာတ်ပုံလေးကို တွေရီငေး
ဓာတ်ပုံလေးက ငါ့ကို တွေရီငေး
လွမ်းတယ်.. ။
ဆုံနိုင်ခွင့်..လျှောက်လွှာ(တက္ကသိုလ်မြတ်မင်း)


အချစ်မြို့တော်လေးထဲသို့

ခွဲခွာခြင်းနက်ကိုင်အဖွဲ့တစ်ဖွဲ့ကြောင့်

အလွမ်းဒုက္ခသည်တွေ

မေတ္တာ ရိက္ခာ လိုအပ်နေမယ်ဆိုတာ

တွေ့ဆုံခြင်းအရှင်သခင် မသိရော့လေသလား.........
ယေဘူယျ ၀ိညာဉ် ( တာရာမင်းဝေ )

င့ါကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာ အသက်ရှုနေတာလဲ ..
မင်းကသာ
ဟိုဘက်က အပ်နဲ့ မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲမှာပါ .. ။
ငါက ..
တွေ့နေကျ၊ မြင်နေကျ၊
ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ်၊ ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပစ်ပေါက်ရင်တော့
ကြောက်တတ်တဲ့ ကောင်မျိုးလေ ..။

ဆောင်းတစ်ခုမှာ

ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ် .. ။

ငါက ... သာမညလူ .. ။

ငါက ... ယေဘုယျလူ ..။
ဆပ်ပြာပူဖောင်းလို
အရေခွံတစ်ထပ် ခွာလိုက်ရင်ပဲ
အထဲမှာ ဘာမှကျန်မှာ မဟုတ်တဲ့လူ ... ။

ဘယ်သူကမှ မသိဘူး ဆိုရင်တောင်

ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကို သိတာပေါ့ကွယ် .. ။
ထပ်တူအချိုးကျ

မမေးနဲ့ ပြောပြပြီးသား
ရင်မှာဘယ်လောက်ချစ်ကြောင်းကို

မတွေးနဲ့ ဆုံးဖြတ်ပြီးသား

ရင်ဆိုင်သွားမယ်အားလုံးကို

မသွားနဲ့ တောင်းဆိုပြီးသား

ငါနဲ့ဝေးရာအရပ်ကို

မငြင်းနဲ့ ပေးခဲ့ပြီးသား

နားလည်မှုနဲ့ ချစ်ခြင်းကို

မဟားနဲ့ ရှုံးနိမ့်ပြီးသား

ချစ်ခြင်းအတိနဲ့ရင်ထဲကို

ဒီလို


အရာရာခွင့်လွှတ်

လက်ကျန်ကုန်အောင်ပေးထားလို့များ
ဘာမှမသိ နတ္ထိလူသား
အထင်မှား

ငါ့ချစ်သူ မင်း .. ဖောက်ပြားရင်ဖြင့်

ငါ၏ချစ်ခြင်း ပြောင်းပြန်ဆင်းလို့

အမုန်းနယ်နိမိတ်မှာ

တိတ်ဆိတ်စွာ အိပ်စက်ပစ်မယ်

ချစ်ခြင်းနဲ့ထပ်တူအချိုး ....
မျက်ဝန်းလေးတချက်(ကေ၀ိုင်အမ်)

မျက်ဝန်းလေးတစ်ချက် ဆုံဖို.အတွက်
ရင်ခုန်လွန်းစွာ စောင့်ဆိုင်းခဲ့ရ
ချိန်ကာလတွေ ကြာညောင်းလည်းပဲ
တဘ၀လုံး ကုန်သွားပါစေ
ကိုယ်ကျေနပ်တယ်

ခေါင်းလေးဘယ်ညာ ယမ်းခါပြီးတော့

မျက်ဝန်းလေးရဲ. ထောင့်စွန်းလေးက
မကြည့်သလို ကြည့်သလိုနဲ.
မျှော်လင့်ချက်ရဲ. လင်းရောင်ခြည်လေး
ယှက်သန်းလာတာ မြင်ရရုံနဲ.
ကိုယ်ကျေနပ်တယ်

မမျှော်လင့်ပဲ နေ့မှာလမင်း

သာသလိုပင် နူညံလှတဲ့
မျက်ဝန်းတချက် ဆုံတွေ.ရတော့
လက်ရှိဘ၀ မေ့ပျောက်သွားအောင်
ကိုယ်ပျော်လိုက်တာ

မာကျောလှတဲ့ ကျောက်သားတွေတောင်

ရေတပေါက်ချင်း ကျဆင်းဒဏ်ကို
မခံနိုင်တာ ကိုယ်လိုလူသား
နူးညံလှတဲ့ နှလုံးသားက
မင်းရဲ.အကြည့် တချက်တချက်
ဆုံပါများသော မခံနိုင်အောင်
ဖြစ်ခဲ့ရပြီ

အခုတော့လည်း နှလုံးသားလေး

ပေါက်ထွက်သွားပြီး စီဆင်းလာတဲ့
စမ်းချောင်းလေးက အပြာရောင်နဲ.
ပေါက်ထွက်ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့
သံစဉ်များက ကိုယ်ပြောပြမည်
မင်းကိုချစ်သည်
ခြေလှမ်းများ ( နိုင်နိုင်းစနေ) စနေ )

ဒီခြေလှမ်းပဲ
အမှန်တရားဆီ ရွေ့လျားနေတယ်
ဒီခြေလှမ်းပဲ
ချောက်နက်ဆီ တွန်းပို့နေတယ်။

ဒီခြေလှမ်းပဲ

ဆင်းရဲတွင်းက ရုန်းထွက်နေတယ်
ဒီခြေလှမ်းပဲ
နွံနစ်အောင် ဆွဲခေါ်နေတယ်။

ဒီခြေလှမ်းပဲ

အရှေ့နေထွက်ရာဖက် ချီတက်နေကြတယ်
ဒီခြေလှမ်းပဲ
အနောက် နေ၀င်ရာဖက် ဦးတည်ချင်ကြတယ်။

ဒီခြေလှမ်းပဲ

ကုဋေတစ်သန်း အဖိုးတန်တယ်
ဒီခြေလှမ်းပဲ
တစ်ကွက် အရွေ့မှားရင် အစားခံရတယ်

ရှေ့နဲ့နောက် လွန်ဆွဲနေတဲ့ ဒီခြေလှမ်းတွေမှာ

ချွေးတွေရှိတယ်၊ သွေးတွေရှိတယ်
ရည်ရွယ်ချက်ရှိတယ်၊ ပန်းတိုင်ရှိတယ်
မြတ်နိုးခြင်းရှိတယ်၊ စွန့်လွတ် သီးခံခြင်းတွေရှိတယ်
လောဘရှိတယ်၊ အတ္တရှိတယ်
ဒေါသရှိတယ်၊ ရန်ညှိုးရှိတယ်
ဆာလောင်မှုတွေရှိတယ်။

ဆူးညှောင့် အတားအဆီးတွေကြောင့်

အကြိမ်ကြိမ် ခလုတ်တိုက် လဲပြိုခဲ့လည်း
ဒီခြေလှမ်းတွေမှာ အားမာန်ရှိတယ်
ပန်းတိုင်ကို မရောက်မချင်း
ရှေ့ဆက်လို့ လှမ်းကြမယ်။
ဘယ်လိုပြောရပါ့  (နိုင်နိုင်းစနေ)

မသွားပါနဲ့ ငါတားရင်လည်း
သောကသာ ဖြစ်တော့မှာပဲ
သွားတော့လေ ဆိုပြန်ရင်လည်း
ငါ့အချစ် ဆုံးရှုံးရမှာပဲ
ငါ့အနားမှာပဲ အမြဲနေဆို
မင်းထင်မယ် ပိုင်ဆိုင်ချင်တယ်လို့
မင်းသဘောအတိုင်းပေါ့ ဆိုပြန်ရင်လည်း
မင်းထင်မယ် ငါဂရုမစိုက်ဘူးလို့
ကောင်မလေးရေ.....
ငါပြောများ ပြောရဲရင်လေ
မင်းမရှိဘဲ ငါမနေတတ်ဘူးကွာ
အဲဒီလို ဆိုမိပြန်တော့လည်း
ကျိန်စာဆိုး တစ်ခုလိုပါပဲလား
ပြောပါ....
ငါမင်းကို ဘယ်လို ပြောရပါ့
 
`၀´လုံးလေး(အိမ်မက်ချစ်သူ)

နှာခေါင်းလုံးလုံး၊ ပါးပြုံးပြုံးကြောင့်
`၀´လုံးလေးလို့ပဲ၊ မှတ်ထားလိုက်တယ်...
ပညာအ၀ီစိ၊ ရုပ်နတ္တိနှင့် ငွေလည်းမရှိ
ငါကိုယ်ငါလည်း သိလိုက်ပါတယ်၊ `သုည´လို့...
`၀´လုံးလေးရေ...
တို့နှစ်ယောက်က၊ တူမလိုလိုနဲ့ ကွဲပြားနေပါလားနော်
အနှိုင်းမဲ့ ချစ်သူ (Nyi Win Htut)

မြှားနတ်မောင်group   facebook မှကူးယူဖေါ်ပြခြင်းပါ

ချစ်သူ...
သင့်အား ပန်းတပွင့်နှင့် မနှိုင်းလို ...
သင့် ကိုချစ်မိခြင်းသည်....
ကျွန်ုပ်အဖို. နမ်းရှိုက် အလှဆင်ရန်မဟုတ်ပါ....။

ချစ်သူ..

သင့်အား ပန်းချီတစ်ချပ်နှင့် မနှိုင်းလို...
သင့်ကို ချစ်မိခြင်းသည်
ကျွန်ုပ် အဖို. အလှကြည့်ပြီး လူတကာအား ပြသရန်မဟုတ်ပါ...။

ချစ်သူ....

သင့်အား မှော်ဆရာတစ်ယောက်နှင့် မနှိုင်းလို....
သင့်ကို ချစ်မိခြင်းသည်
ကျွန်ုပ်အဖို.  သင့်ထံ အပြုစားခံရန် ၀င်ရောက်လာခြင်းမဟုတ်ပါ...။

ချစ်သူ....

သင့်အားသီချင်းတပုဒ်နှင့် မနှိုင်းလို...
သင့်ကိုချစ်မိခြင်းသည်
ကျွန်ုပ်အဖို. အပျင်းပြေအသုံးချရန်မဟုတ်ပါ...။

ချစ်သူ..

သင့်အားကျွန်ုပ်တန်ဖိုးထားသော ချစ်ခြင်းနှင့်သာနှိုင်းလိုသည်

သင့်အား ကျွန်ုပ်ချစ်ခြင်းသည်

ကျွန်ုပ်အဖို.ရိုးသားစွာ ချစ်နေသောကြောင့်
 ဖြစ်ပေါ်လာခြင်း ဟုဝန်ခံရုံမှ တစ်ပါး

အခြားမရှိပါ.....
ရင်တွင်းပြတိုက်  ( ကိုသူ ) 
မင်းရဲ့ရုပ်သွင်ကို ပန်းချီရေးကြည့်တယ်
ကိုယ်ရေးချယ်တဲ့ စုတ်ချက်တွေက
မင်းအလှကို ပီပြင်အောင် မဖော်ပြနိုင်ပါလားကွယ်….

မင်းရဲ့ ကိုယ်ဟန်ကို ပန်းပုထုကြည့်တယ်

ကိုယ်ထုဆစ်တဲ့ ထွင်းချက်တွေက
မင်းအလှကို ပေါ်လွင်အောင် မတင်ပြနိုင်ပါလားကွယ်….

မင်းကို ကိုယ်ချစ်တာကို ကဗျာရေးကြည့်တယ်

ကိုယ်ရေးစပ်တဲ့ ကာရန်တွေက
ငါ့အချစ်ကို မင်းအသိအမှတ်ပြုဖို့ဖွဲ့နွဲ့နို
င်ပါလား…

မင်းကို ကိုယ်တမ်းတတာကို တေးဆိုကြည့်တယ်

ကိုယ်ဆိုညည်းတဲ့ သံစဉ်တွေက
ငါ့လွမ်းဆွတ်မှုတွေကို မင်းလှည့်ကြည့်ချင်လောက်အောင် မသီကျူးနိုင်ပါလား…

ဒါပေမယ့်လေ..


ဘာပဲဖြစ်ဖြစ်ပေါ့…


မင်းရဲ့အလှကို ပန်းချီချယ်နေမယ်

မင်းရဲ့ အသွင်ကို ပန်းပုထုမယ်
မင်းအတွက်ငါ့အချစ်ကို ကဗျာရေးဖွဲ့မယ်
မင်းကိုတမ်းတမှုကို တေးသီကျူးမယ်
ဒါတွေက ငါ့အတွက် မရှိမဖြစ် အနုပညာကမ္ဘာ

ဖန်တီးမှုများစွာရဲ့ ပြတိုက်ပါပဲကွယ်…..
အမည်မသိရှေးစာဆို
ဝေဖို့ ပွင်ံသမျှ
ကြွေလို့ လွင့် ရတယ်ေ
ပွင့် သူခြွေသူ
ဘယ်တူမလည်း
အစဉ်ပဲလေ
ကြွေသမျှထက်ပွင့် ခဲ့ တယ်
စိတ်ပျက်လက်ပျက်(တာရာမင်းဝေ)

ကျွန်တော်ကပြောတော့ ..
.. .. ချစ်သူကရယ်တယ်။

ကိုယ်သာ
သူ့လိုခွေးတစ်ကောင်ဆိုရင်
မဟောင်ပါဘူးကွယ် ..။

စောင့်ဆိုင်း
တိတ်ဆိတ်
မကိုက်ချင်ရင် အိပ်နေမှာပေါ့ .. လို့။

စကားအဆုံးမှာ
ကျွန်တော်ကတော့ ရှူတည်တည်ပါပဲ
ချစ်သူကလည်း ရယ်မြဲရယ်လို့။
`ရင်ကွဲရသ´(အိမ်မက်ချစ်သူ)

ရင်ကွဲရသ မချိုမြပါဘူး
ဒါပေမယ့် မင်းပေးခဲ့သမျှ..အမှတ်တရ
ဒါပဲရခဲ့တော့.....
မင်းနဲ့ ပတ်သက်မိမှတော့
ခံစားခဲ့ရသမျှ..အားလုံးဟာ
ရင်ကွဲရသ.....
သင်ပေးသမျှ မရလို့တဲ့
ငယ်ငယ်က ဆရာမ
ရိုက်ခဲ့မိတာ မနာမိပါဘူး
အခုတော့ ရွယ်ရုံနဲ့တင်
အရှိုးထင်နေတဲ့ နှလုံးသားက
မရမချင်း ကျက်နေမိတာ(မင်းပေးခဲ့တဲ့)
ရင်ကွဲရသ တဲ့လေ.....
တာရာမင်းဝေကဗျာ ( ၁ )

တစ်နေ့ပြီးတစ်နေ့ ဆိုနေရတဲ့ သီချင်းပေမယ့်
မပျင်းပါဘူး၊၊

ဘဝက ခြေဆင်းထိုင်နေရုံလေးနဲ့တော့

အဲဒီလို မပြောကြပါနဲ့၊၊

တောင်စွယ်မှာ နေကွယ်တာကို မြင်သားပဲ ၊၊

ဘာဖြစ်လဲ....

အဲဒီဓားက မလွဲခဲ့ဘူးဆိုရင်တောင်

ငါကလဲ မပြိုလဲခဲ့ပါဘူးကွယ် ၊၊



ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာ ကြာပြီ ၊၊
တစ်ယောက်တစ်လမ်းစီ မသွားရတာလဲ ကြာပြီ ၊၊

ကိုယ်က တခြား ၊ သူကတခြား ဖြစ်နေခဲ့ကြပေမယ့်

ဘယ်သူမှ မလွဲမှားခဲ့ကြတာလဲ ကြာပြီ ၊၊

ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့

ဘယ်သူတွေ ဘယ်လို ပြောပြော

ငါ့ အတွက်တော့

နေသံ ၊ လသံ ရောနေခဲ့တာ ကြာပြီ ၊၊
အေးရာအေးကြောင်း ( ကဗျာဆရာလှသန်း)

ယုံသလိုနေခဲ့ပြီ
ကြုံသလိုနေခဲ့ပြီ…။
ဈေးဆစ်ခံလိုက်ရတဲ့ ပန်းချီကားတစ်ချပ်အတွက်
ဈေးဆစ်သူရဲ့ လျှာကိုပဲဖြတ်ရမလား
ပန်းချီဆရာရဲ့ လက်ကိုပဲဖြတ်ရမလား….။
ကဗျာတွေရှင်ချင်ရင်
ကဗျာဆရာတွေသေဖို့သာပြင်ပေတော့…။
ကိုယ့်အကြောင်းကိုမေ့ထားချင်လို


သူများအကြောင်းလျှောက်ပြောနေတာ..။…။
လမ်းခွဲခြင်း ၀မ်းနည်းခြင်း (တက္ကသိုလ်မြတ်မင်း)

တွေးလေတိုင်း မျက်ရည်ဝိုင်း
ရင်လှိုင်းထက်က ကြင်သူရေ
သူမကြင်နာ ချန်ထားရက်လို့
ရင်မှာလေ ခံစား..ပေါက်ကွဲရင်း
ဗလောင်ဆူတဲ့ နှလုံးသားတခွင်မှာ
အလွမ်းမိုးတွေ စွေခဲ့ပြီလေ...။

တသက်တာ မထိခိုက်ဖူးတဲ့
ဖြူစင်သော မေတ္တာတွေနဲ့
လွတ်လပ်စွာ နေထိုင်ရင်း
ပန်းတစ်ပွင့်ကို
နမ်းရှိုက်မိခဲ့တယ်..
အခုတော့....
မျှော်လေတိုင်း ဝေး...
တွေးလေတိုင်း ဆွေး...
ဒဏ်ရာတွေ ရင်မှာ ခစားရင်း
ရင်လှိုင်းခတ်သံတွေ
ဒီဇင်ဘာည
ဆောင်းတစ်ညမှာ
ရာသီမဟုတ်တဲ့
မျက်ရည်မိုးစက်တွေ
ငိုချခဲ့ပြီလေ....။

ဆေးဆိုးထားတဲ့ ပန်းတစ်ပွင့်ကို
နမ်းရှိုက်မိတဲ့ အမှားတစ်ခုက
ကုစားမရတဲ့ ရောဂါတစ်ခုဖြစ်ခဲ့
အဆိပ်ရှိပါလျက် သိသိရက်နဲ့
ပြင်မရတဲ့ အနမ်းတစ်ပွင့်က
ခုံမင်တက်မက်ရင်း ခရီးဆက်
မျက်ရည်စက်နဲ့ ပူလောင်ရင်း
နှင်းစက်တွေလည်း ပျောက်ကွယ်ခဲ့ပြီလေ..။

အဖြေသိတဲ့ ပုစ္ဆာက
မျဉ်းပြိုင်နှစ်ခုကြား
စည်းမျဉ်းတွေ ကာရံရင်း
အမှတ်တစ် သင်္ခန်းစာတစ်
ပြီးဆုံးသွားခြင်း အဓိပ္ပာယ်လား...။

စည်းဝိုင်းတွေ ကာရံထား
မတူညီတဲ့ လမ်းနှစ်ခုကြား
ရွေးချယ်ခြင်း ရလာဒ်က
လမ်းခွဲခြင်းတဲ့လား...။

လမ်းခွဲခြင်း ဝမ်းနည်းခြင်း
နံရံတွေခြားလို့ ကာရံတံတိုင်းတွေ
စည်းချက်ချ.....
မညီမျှတဲ့ ဘဝပေတံက
မျဉ်းပြိုင်နှစ်ခုကြား
သင်္ခန်းစာ အသစ်တစ်ခုအတွက်
လမ်းခွဲခြင်း ရလာဒ်တဲ့လား...။
ထိုမျှမကသော အချစ်များဖြင့်

မင်းကို ချစ်တာတွေသာ
သစ်ပင်ဖြစ်ရင်
ဒီကမ္ဘာဟာ ဘယ်တော့မှ ခြောက်သွေ့တော့မှာမဟုတ်
အမြဲစိမ်းသစ်တောတွေ ဖုံးလွှမ်းသွားမယ်….

မင်းကိုလွမ်းတာတွေသာ

ပန်းဖြစ်ရင်
ကမ္ဘာမြေမှာ ပန်းတွေဖုံးလို့
ပန်းပေါင်းစုံပွင့်ဖူးလှပနေမှာ အမှန်ပါကွဲ့….

မင်းကိုတမ်းတတာတွေသာ

ရေဖြစ်ရင်
ချောင်းမှမြစ် မြစ်မှပင်လယ် ထိုမှ သမုဒ္ဒရာ
အသွယ်သွယ်ပေါင်းစီး ဒီကမ္ဘာကြီးရေလွှမ်းသွားမလားပဲ….

မင်းကိုသတိရတာတွေသာ

ရွှေဖြစ်ရင်
ကမ္ဘာမြေဟာ သယံဇာတပေါကြွယ်ဝလို့
လူတိုင်းကျောက်မျက်ရတနာဆင်နေမလာ

းကွယ်
ကဲ..ကဲ…

ပိုတယ်ပြောမနေနဲ့

လိုတယ်လို့တောင်ထင်တယ်

ကိုယ်ရဲ့အချစ်

ကိုယ့်မေတ္တာဟာ
ကမ္ဘာမြေသိန်းသန်းအထု
အစုစုမက
စကြာဝဠာတိုက်တစ်သောင်းတောင် ပျံ့နှံသွားမယ်

အဲလောက်တောင်မကကို ထင်နေတာ

အသေအချာပါပဲ ချစ်သူရယ်….
သို. ချစ်သူ - ၁  ( ညီလေး )

အလွမ်းဖြစ်သည်
ရစ်ချည်သမျှ အတွေးညစဉ်
နင်ရှိနေ၍။
အရမ်းချစ်သည်
ဖြစ်တည်သမျှ အလွမ်းညရှည်
အိပ်မက်တွေနင်။
အိပ်မက်နေချင်
နင်ရယ်ငါရယ် .....................

အိပ်မက်တမ်းချင်း
လွမ်းရင်းနဲ့ပဲ တ၀ဲလည်လည်
ညလယ်သန်းခေါင်
ငူ...ငေါင်...တိတ်...ဆိတ်
ကိုယ်,စိတ် ပင်ပန်း နွမ်းရသမျှ
တမ်းတညတွေ
နင်ရှိစေချင်.....
သြော်.....
နင်ရှိနေရင်...။ ။
ချစ်သူဖတ်ရန် ( yone lay )

တောကျွမ်းပါတယ်ဆိုတဲ့ မုဆိုးတွေတောင်
တခါတလေ သားကောင်အောက်မှာ ကျဆုံးတတ်တယ်

ရေပြင်နဲ့ ရင်းနှီးပြီးသား တံငါတွေတောင်

တခါတလေ လှိုင်းတပိုးအောက်မှာ ကျဆုံးတတ်တယ်

တိုက်ခိုက်စွမ်းရည် မြင့်မားတဲ့ စစ်သည်တော်တွေတောင်

တခါတလေ ရန်သူအောက်မှာ ကျဆုံးတတ်တယ်

ပါးနပ်ပါတယ်ဆိုတဲ့ လောင်းကစားဒိုင်တွေတောင်

တခါတလေ ထိုးသားအောက်မှာ ကျဆုံးတတ်တယ်

မြွေတွေနဲ့ ယဉ်ပါးပြီးသား အလိမ်ပါယ်ဆရာတွေတောင်

တခါတလေ မြွေဆိပ်အောက်မှာ ကျဆုံးတတ်တယ်

အချစ်ရေးမှာ ကျွမ်းကျင်ပါတယ်ဆိုတဲ့ ချစ်သူလည်း

ချွတ်ချော်တိမ်းပါးပြီး တခြားသူတွေရဲ. စကားတွေနဲ့

မကျဆုံးပါစေနဲ့
လက် ( ကဗျာဆရာ လှသန်း )

လက်ဝတ်ရတနာတွေနဲ့ ဘာမှမဆိုင်တဲ့လက်
လက္ခဏာပညာရှင်တွေနဲ့ ဘယ်လိုမှ မပတ်သက်တဲ့လက်
ခုချိန်ထိဘာကိုမှ မိမိရရမဆုပ်ကိုင်မိသေးတဲ့လက်
လက်ရေးလှလှ ရေးတတ်ပေမယ့် လက်ညှိုးညွှန်ရာရေမဖြစ်ခဲ့တဲ့လက်
အသားမာတတ်နေပေမယ့် လက်ခမောင်းမခတ်နိုင်သေးတဲ့လက်
သဲအိတ်ထိုးရမှာ ၀န်လေးခဲ့တဲ့လက်
မြွေတွင်းကိုမှ နှိုက်ချင်နေတဲ့လက်
အဲဒီလက်ကအဲဒီ့လက်ကိုလက်တို့ပြီး

သတိပေးတယ်
အဲဒီလက်ကအဲဒီ့လက်ကိုလက်ဖျားခါလိုက်တယ်
တစ်နေ့လက်ချည်းပဲပြန်ရမယ်ဆိုတာသေချာနေတဲ့လက်
အဲဒီလက်ကအဲ့ဒီလက်ကိုလက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ။
နင်နဲ.အတူ ထာဝရ နေသွားမယ်

Facebook Page ....မြှားနတ်မောင် ဂရုမှ
( Win Lai Yee Mon )  ၏ ပို.စ်အားကူးယူဖေါ်ပြချင်းဖြစ်ပါသည်။


ဘယ်တော့မှာလမ်းမခွဲတဲ့ အချစ်တစ်ခု ငါရချင်တယ်
ငြင်းခုန်နေပါစေ၊ စိတ်ကောက်နေပါစေ... ဝေးကွာနေပါစေ...
အမြဲအတူရှိနေမယ်။

ဘယ်တော့မှာလမ်းမခွဲတဲ့ အချစ်တစ်ခု ငါရချင်တယ်

ငါတို့အလုပ်များနေပါစေ၊ ငါတို့ မောပန်းနေပါစေ
တစ်ယောက်ကိုတစ်ယောက်တွေ့တာနဲ့
နွေးနွေးထွေးထွေး ပြုံးရယ်ပြပြီး

ရှေ့ဆက်လျှောက်လှမ်းသွားမယ်။


ဘယ်တော့မှာလမ်းမခွဲတဲ့ အချစ်တစ်ခု ငါရချင်တယ်

တယိုင်တယိမ်းလှမ်းလျှောက်နိုင်
ချိန်အထိ၊ ဆည်းဆာနေဝင်ချိန်အထိ၊
ဆံဖြူသွားကျိုးတဲ့အထိ....

ပြီးတော့ နင့်ရဲ့ပါးပြင်ကို

အသာအယာပွတ်သပ်ပေးပြီး တိုးတိုးလေးပြောမယ်..
♥ "နင်နဲ့အတူ ထာဝရ ငါနေသွားမယ်" ♥
"ဟောလီးဒေး"

လူတွေ ပျော်ပါးပြီး
ငါ့အပေါ် ရောက်လာကြ။
လူတွေ ပျော်ပါးပြီး
ငါ့အပေါ်က ထွက်သွားကြ။
မရနိုင်တော့တဲ့ အချိန်ကျ
ငါ့ကို တမ်းတကြ။
"တစိမ်းတွေလို"  (ညိမ်းညို)
ရင်းနှီးပြီးသားအရာတစ်ချို့ဟာ မရင်းနှီးတော့သလို
သူစိမ်းဆန်စွာ ငါ့ကို ငေးကြည့်နေကြ
တိုက်နေတဲ့လေတောင် ရုတ်တရက်စိမ်းသွားပါရဲ့
စိမ်းလိုက်တာကွယ်..
အစိမ်းရင့်ရင့်ရာသီအိုထဲ ပန်းကလေးတစ်ပွင့် ပျံသန်းလာမယ်ဆိုရင်
အဲဒါ မကြွေတဲ့သစ္စာတရားပေါ့ ညီမလေးရယ်..
ကျန်ရစ်ခဲ့တဲ့ ခြေရာလေးတစ်စုံအပေါ်
လောကဓံကြိုးတစ်ချောင်းက
ဘယ်လိုများချည်နှောင်လိုက်လေသလဲ
ငြင်းဆန်ရခက်ခဲတဲ့ ကျေးဇူးသိတတ်မှုတွေကြားမှာ
ညီမလေး ကိုယ့်ကိုယ်ကို လောင်ကျွမ်းခဲ့ရတာဆိုရင်
အဲဒီအလင်းတန်းကို
ငါ့ရင်ဘတ်ထဲက ဖြတ်သန်းခွင့်ပြုပါ

ညီမလေးရေ..
ဟောဒီလမ်းသွယ်လေးထဲမှာ
အိပ်မက်တွေကို မျိုးစေ့ချခဲ့ဖူးတဲ့ ခြေရာလေးနှစ်စုံဟာ
အခုတော့..အေးစက်၊ နာကျင်စွာအေးစက်လို့ပေါ့
မသိတတ်မှုများစွာနဲ့ ငါတို့ကို ကိုက်ခဲထားကြတော့မယ်
တိုက်ခတ်နေတဲ့ လေစိမ်းတွေကြားမှာ
ခုတော့ ..ညီမလေးနဲ့ ငါဟာ...... သူ..စိမ်း..တွေ..လို
ကောင်းကင်က..တရားသူကြီး
မြေကြီးက......သက်သေ
အပြစ်က......ချစ်မိလို့
ပုဒ်မက....1500
စီရင်ချက်က...အသည်းကွဲစေ......။
အချစ် မီးရှူးတိုင်(ဘာသာပြန်ကိုထွန်း)

အချစ်မီးရှူးတိုင်က ဘ၀ရဲ့ အမှောင်ထုကို  ဖယ်ရှား
သင်္ချိုင်းဂူကို ပြန်လည်ရှင်သန်စေတယ်။

ဒါပေမဲ့ အချစ်မီးရှူးတိုင်ကို

လေဟာပြင်မှာမျှော်ငေးသူတွေအပေါ်
အကျိုးမဲ့ မတောက်ပစေနဲ့။

နေနဲ့ လ ကဲ့သို့ အကျိုးပြုသူကို

ကျောမခိုင်းစေနဲ့။

အချစ် မီးရှူးတိုင် မရှိရင်

နေ့ရောညပါ  လမ်းရှာမတွေ့တဲ့သူ ဖြစ်လိမ့်မယ်။  ။

The Torch of Love Disples the Gloom



The torch of love disples the gloom
Of life, and animates the tomb;
But never let it idly flare
On gazers in the open air,
Nor turn it quite away from one
To whom it serves for moon and sun,
And  who alike in night or day
Without it could not find his way.


WALTER SAVAGE LANDOR
အချစ်ကဗျာ
အမှတ်မထားပါနော်
သိပ်ချစ်လွန်းလို့...
မင်းဆိုးသမျှခွှင့်လွှတ်ထားတာကို.....
"ငတုံး"ဆိုတဲ့အသုံးအနှုန်းနဲ့...ပြက်ရယ်ပြုရက်တယ်။
ရပါတယ်..
အချစ်အတွက်
စုတ်ပြတ်သတ်အောင်အပြောခံရပါစေ...
အမှတ်မရှိတဲ့ ငါ့နှလုံးသားက...
မင်းကိုဘဲ ဆက်ချစ်နေမိတယ်....။

ချစ်ဆုံးရယ်...
အနမ်းတွေ
ကောက်ခဲ့ပေမယ့်...
အလွမ်းတွေ
ပျောက်မသွားဘူး.....
ပန်းတွေချောက်သွားတော့...
အချစ်က "တောက်"တဲ့......။

သတိထား..
ရီဝေတဲ့အကြည့်...
ညို့မှိုင်းတဲ့မျက်ဝန်း...
ပျော့ပျောင်းတီတာတဲ့စကား...
ငြင်သာတဲ့လှုပ်ရှားမှုပုံစံ....
နှလုံးသားကို တုန်ခါသွားလောက်ရဲ့....။
သတိတော့ထား...
ဘယ်ပန်ချီေ၇းမ မှီတဲ့သူ့နှုတ်ခမ်းတွေမှာ....
ထက်မြက်တဲံဓားသွားတွေရှိတယ်.....

ချစ်သူ...
လေဟာနယ်ထဲက..
ကိုယ့်ရဲ့အလွမ်းလှိုင်းတွန့်တွေကို...
လှိုင်းတွန့်မီတာ(၁၅၀၀) ကနေ
ချစ်ရဲ့နှလုံးသားထဲမှာ..
ဖမ်းယူနားဆင်နိုင်ပါတယ်.....

တို့ကတော့
မန်ယူ နဲ့ အာဆင်နယ်ရဲ့....
ဘယ်သူဘဲနိုင်နိုင်...
မင်းနဲ့တို့ရဲ့အချစ်ပွဲ....
သရေကိုလက်မခံ...
အရှုံးဆိုတာဝေလာဝေး....
အနိုင်ရဖို့အရေးပဲ.....
တိုက်စစ်မှူးလေး...တို့...
အချိန်ပြည့်ကြိုးစားနေမယ်....။
တမ်းတခြင်းဆိုတာ..
အလွမ်းရဲပနောက်ကွယ်က...
သံယောဇဉ်တစ်ခု...
မြတ်နိုးခြင်းဆိုတာ..
အချစ်ရဲ့နောက်ကွယ်က...
နှစ်သက်မှုတစ်ခု..
လမ်းခွဲခြင်းဆိုတာ...
အမုန်းရဲ့နောက်ကွယ်က...
ပြတ်သားမှုတစ်ခု....
မင့်ကို ငါ ရှူရှိုက်ချင်တယ်(ဘာသာပြန်ကိုထွန်း)

မင့်ကို ငါရှူရှိုက်ချင်တယ်။
ရေမွှေး ဒါမှမဟုတ် မင့်အရေပြားရဲ့ သင်းပျံ့တဲ့
ရနံ့အကြောင်းတောင်မှ ငါပြောနေတာမဟုတ်။

ငါမျှဝေချင်တဲ့လေ ကိုယ်၌ကို ပြောချင်တာပါ.။


မင့် ထွက်သက်ရဲ့ လေကို ရှူရှိုက်ချင်တယ်။

တို့နှစ်ယောက်ဟာ ထွက်သက်လေ ၊ ၀င်သက်လေကို
တစ်ယောက်တည်းလို နီးကပ်စွာ ရှူရှိုက်ကြရဲ့။         ။
                         
Want to Breathe

.......................

I want to breath

You in I´m not talking about
Perfume or even the sweet odour
Of  your skin but of the
Air itself I want to ahare
Your air inhaling what you
Exhale I´d like to be that
Close two of us breathing
Each other as one as that.
  James Laughin
ဆန္ဒ( ဇင်မင်းဝင်း )
ကြင်ခွင့်မရှိချင် နေပါ
မြင်ခွင့်ရှိတော့ရှိပါရစေ
ပွေဖက်ခွူင့်မရှိချင်နေပါ
တွေရတဲ့ရက်ရှိပါရစေ
နမ်းခွင့်မရှိချင်နေပါ
လွတ်လပ်စွာ လွမ်းပါရစေ....
ချစ်သူဖြစ်ဘို့ထက်
ကိုရူးသွပ်မှု့ကို
အပြစ်လို့မယူဆရင်ကျေနပ်ပါါတယ်
ချစ်တက်လို့ ချစ်နေရတာကိုက
ငါ့အတွက်တော့
ချိုမြမြ ပျားရည်စက်လေးတွေပါ ကောင်မလေးရယ်
                

http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:4783092
 


မင်းလူရေးသားသောကဗျာ





ပေပင်တစ်ပင်ဟာ
သူ့တစ်သက်တာမှာ
တစ်ကြိမ်ပဲအသီးသီးသတဲ့။

ကျီးကန်းမတစ်ကောင်ဟာ

သူ့တစ်သက်တာမှာ
တစကြိမ်ပဲသားပေါက်သတဲ့။

ပျားတစ်ကောင်ဟာ

သူ့တစ်သက်တာမှာ
တစ်ကြိမ်ပဲတုပ်နိုင်သတဲ့။

မင်းက... ကျတော့
တစ်ကြိမ်မှာ ဥပေါင်းထောင်သောင်မက
ချတတ်တဲ့ငါးသလောက်တစ်ကောင်လို
လူပေါင်းများစွာကို ချစ်ခဲ့ပြီးပြီ။

စာအုပ်ပေါင်းများစွာကို ကိုက်ဖြတ်တတ်တဲ့
ခြတစ်ကောင်လို
နှလုံးသားများစွာကို ဖျက်ဆီးခဲ့ပြီးပြီ။

အကြိမ်ပေါင်းများစွာ ဆက်တိုက်ပစ်ခတ်နိုင်တဲ့
စက်သေနတ်တစ်လက်လို
ပါးပေါင်းများစွာကိုရိုက်နှက်ခဲ့ပြီးပြီ။

တစ်သက်တာမှာ
တစ်ကြိမ်သာပေါက်ကွဲနိုင်တဲ့
လက်ပစ်ဗုံးနဲ့တူတဲ့
ငါ့နှလုံးသားရဲ့ စနက်တံကိုတော့
မင်းကိုဖြုတ်ခွင့်မပေးနိုင်ဘူး။


သံယောဇဉ်



ငါ့နှလုံးသားကို
မြူးအောင်လုပ်ပြီး ရူးစေခဲ့တဲ့
ရစ်ပတ်နှောင်ဖွဲ့
ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်း
ဆွဲဖြတ်ဖို့ကြိုးစားလိုက်တိုင်း
ဗြဟ္မာတန်ခိုးနဲ့နှစ်စတိုး
ပိုပိုပြီးတော့ငြိတွယ်
ငါ့မှာ ……
ရုန်းထွက်ဖို့ခက်တယ်
မင်းကြောင့်ဖြစ်တဲ့
သံယောဇဉ်ကြိုးရယ်

8 comments:

  1. ချစ်သူအလှ မေ့မရ
    ချစ်သူစကား ရင်ထဲမှာ
    ချစ်သူအပြုံး တသက်လုံး
    ချစ်သူအမုန်း ငါကျရှူးံ

    ReplyDelete
  2. လေ့ကျင့်ပြီသား
    အပြု့းတွေနဲ့
    ငါ့ကိုနှုတ်ဆက်ဖို့မကြိုးစားနဲ့
    "ငါ့ဘာသာနေပါရစေ"


    ReplyDelete
  3. "မေ့လိုက်စပ်းပါလို့
    ဦးနှောက်ကစေခိုင်းလိုက်တိုင်း
    ကြိုးစားသမျှ
    ပိုချစ်ဖို့သာဖြစ်သွားတယ်"

    ReplyDelete
  4. အချစ်ဆိုတာ
    သူ..ပြန်မချစ်နိုင်လည်း
    ကိုယ်ဟာ..အဝေးကချစ်နေနိုင်ဖို့ပါ
    ရယူခြင်းတော့မဟုတ်ပါဘူး
    ပေးဆက်ခြင်းရဲ့တစ်ဖက်က....
    စွန့်လွှတ်....အနစ်နာခံခြင်းပါ

    emo
    boy


    ReplyDelete
  5. ဝေးကွာနေရ ဒီတစ်ညတော့ သတိရပေးပါချစ်သူ

    ReplyDelete
  6. နည်းပညာလေးတွေတင်ပေးပါဗျာ

    ReplyDelete
  7. အရမ်းကြိုက်​တယ်​ ကဗျာ​လေး​တွေကို

    ReplyDelete